မိသားစု • 1 min read
သတင်း

ဖျာပုံတွင် ပံ့သကူ ပိုက်ဆံမကြဲ၍ ဝိုင်းဝန်းရိုက်နှက်ခံရ

One News

Nov 27, 2026

ဖျာပုံတွင် ပံ့သကူ ပိုက်ဆံမကြဲ၍ ဝိုင်းဝန်းရိုက်နှက်ခံရ
0 Shares
12 Views

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့မှာ နိုဝင်ဘာလ ၂၅ ရက်၊ ညပိုင်းက ကရုဏာရှင် လူမှုကူညီရေးအသင်း(ဖျာပုံ)က အသင်းသားတွေကို လူငယ်တစ်စုက ပံ့သကူ ပိုက်ဆံမကြဲလို့ဆိုကာ တုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ တယ်လို့ ဖျာပုံမြို့မ ရဲစခန်းကနေ သိရပါတယ်။

ကရုဏာရှင် လူမှုကူညီရေးအသင်း(ဖျာပုံ)က အသင်းသားတွေဟာ နိုဝင်ဘာလ ၂၅ ရက်၊ ည ၁၀ နာရီလောက်က ဖျာပုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ သီတာလမ်းမှာ နာရေးဖြစ်လို့ သွားရောက်ကူညီပြီး ပြန်လာစဉ် ချောင်းတွင်းလမ်းမ ကြီးပေါ် အရောက်မှာ လူငယ် ၁၂ ယောက်လောက်က လမ်းပိတ်ပြီး ပံ့သကူ ပိုက်ဆံကြဲမှာလား၊ မကြဲဘူးလားလို့ မေးခဲ့ကြပါတယ်။ အဲဒီနောက် အသင်းသားတွေက နာရေး သွားရောက်ကူညီတာဖြစ်လို့ လမ်းဖယ်ဖို့ ပြောစဉ် လူငယ်တစ်စုက မကျေနပ်တဲ့အတွက် အသင်းသားတွေကို တုတ်တွေနဲ့ ရိုက်တာ၊ ခဲတွေနဲ့ ပစ်ပေါက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ကရုဏာရှင် လူမှုကူညီရေးအသင်း(ဖျာပုံ)က အသင်းသား နှစ်ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိပြီး ဖျာပုံပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖျာပုံမြို့မ ရဲစခန်းမှာ ကျူးလွန်သူတွေကို အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
မိသားစု
သတင်း

၁၀ လအတွင်း ရွှေတိဂုံစေတီသို့ ဘုရားဖူး ၆ သန်းနီးပါး လာရောက်ဖူးမြော်

One News

Nov 17, 2026 42

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၆ သန်းနီးပါးလောက် လာရောက်ဖူးမြော် ကြည်ညိုခဲ့တယ်လို့ ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။